ဘားအံမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်၍ သင်ကြားတတ်မြောက်မှု ဆန်းစစ်ချက်ပြိုင်ပွဲပြုလုပ်
ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို အလွယ်တကူ လေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်သင်ကြားပေးပြီး သင်ကြားတက်ရောက်မှု ဆန်းစစ်ချက် ဖြေဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။