လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်အတွက် လစဉ် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။