လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

လိပ်သို ဇွန် ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂)ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများနှင့် ဝန်ထမ်းများ စာပေနှင့် ရင်းနှီးမှုရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်  သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များစုံလင်စွာ သယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ် များငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လာရောက် မငှားရမ်းနိုင်သည့် ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် သုတ/ရသစာအုပ်များ သယ်ဆောင်၍ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့  အပတ်စဉ်သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)