ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ပိုင်ကျုံ   ဇွန်  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင် အသားဝါဘီ၊   ဦးနှောက်အ‌မြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊  ဝက်သက်၊  ဂျိုက်သိုး ရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်‌ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ် ၆ ရက်နှင့် ၇ ရက်နေ့တွင် ပုံမှန်ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

နော်ခူး(ပြန်/ဆက်)