ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်အသီးသီးမှ ပထမနှစ်နှင့်တတိယနှစ် ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။