ကရင်ပြည်နယ်

ကော့ကရိတ်မြို့၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်ဝ ကေသီရိခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်

ကရင်ပြည်နယ်၏သာယာလှပသည့် ရေ၊မြေ၊တော၊တောင်သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ရေတံခွန်၊ စိမ့်စမ်းများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များနှင့် အရင်းအမြစ်အခြေခံကောင်းများပေါကြွယ်ဝမှုတို့ကြောင့် ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်းယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ကျင်းပသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၃)မျိုးဆင်းပွဲမှ သိရသည်။

ပိုင်ကျုံမြို့ အ-လ-က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘ၊ ဆရာ၊ ကျောင်းသား‌တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကစို‌ကျေးရွာအုပ်စုရှိ အ-လ-က(ခွဲ)ဝင်းကမော့ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘ၊ ဆရာ၊ ကျောင်းသား‌တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက်  ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် မျှစ်စိုများရှားပါးလာချိန် မျှစ်ချဉ်များ ဈေးကောင်းရလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလတွင်သာ ပေါက်ရောက်သည့် မျှစ်များကို တစ်နှစ်တာလုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ထားသိုကြရာ မျှစ်စိုများ ရှားပါးလာချိန် ဆောင်းရာသီကာလတွင် မျှစ်ချဉ်များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် (၂)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ ဆန်ရိက္ခာဖူလုံစေရေးအတွက် နွေစပါးစုစုပေါင်း (၁၉၁၇၃)ဧကစိုက်ပျိုးရန်လျာထား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ ကွင်းပေါင်း ၈၆ ကွင်းတို့၌ နွေစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း(၁၉၁၇၃)ဧက စိုက်ပျိုးသွားရန်လျာထားချက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ နွေစပါးစိုက်ပျိုးကြရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ  ရေမြေသဘာဝနှင့် မျိုးကွဲအလိုက် ဆင်းသုခမျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၄၃၅၈ ဧကကို တောင်သူများမှ စိုက်ပျိုးစီးထားပြီးဖြစ်ကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်