ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်အတွင်း၌ ဆန်ရိက္ခာဖူလုံစေရေးအတွက် နွေစပါးစုစုပေါင်း (၁၉၁၇၃)ဧကစိုက်ပျိုးရန်လျာထား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ ကွင်းပေါင်း ၈၆ ကွင်းတို့၌ နွေစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း(၁၉၁၇၃)ဧက စိုက်ပျိုးသွားရန်လျာထားချက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ နွေစပါးစိုက်ပျိုးကြရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ  ရေမြေသဘာဝနှင့် မျိုးကွဲအလိုက် ဆင်းသုခမျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၄၃၅၈ ဧကကို တောင်သူများမှ စိုက်ပျိုးစီးထားပြီးဖြစ်ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ မုန်လာဥများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.လ.က (၂)၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာဆုနှင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာဆုနှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။

မြဝတီမြို့ ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းလင်းစေရန်အတွက်   (၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ  အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီးမြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဝတ်တော်အတွင်း ကျင်းပခဲ့သည်။

လိပ်သိုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က ကက်သလစ်မယ်တော်ရင်ပြင်၌ ပြုလုပ်ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ  ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြိုင်ကြီးငူ-မင်္ဂလာမြို့ဦးစေတီတော်မြတ်ထီးတော်တင် လှူပူဇော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မူလမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇနအား ဦးထိပ်ထား၍ မြိုင်ကြီးငူအထူးဒေသ၊ ကံ့ကော်မြိုင်ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော မြိုင်ကြီးငူ-မင်္ဂလာမြို့ဦး စေတီတော်မြတ်ထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ပရဝုဏ်၌ ဆင်ယင်ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ်(၂) ရပ်ကွက်တွင် ပျက်စီးသည့်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်(၄) ရပ်ကွက်နှင့် စည်ပင်သာယာနယ်နိမိတ်အပိုင် စံပြကျေးရွာများအတွက် လမ်း၊ တံတား၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် တံမြက်စည်းများ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ယခုကာလအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ သံတောင်-သံတောင်ကြီးကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သော နေရာများနှင့် တောင်ယာဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများက ယခုအချိန်တွင် စတင်ချိုးယူရောင်းချကာ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်