ဘားအံ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် သုတ/ ရသ စာအုပ်/ စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၅)နှင့် သူနာပြုသင်တန်းကျောင်းတွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုသင့်ပါကြောင်း အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် သုသ/ရသ စာအုပ်စာစောင်(၁၅၀)အား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)