ဘားအံမြို့နယ် ဆိုက်လောင်ထောင်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်တွင်ပါဝင်သည့် အမျိုးသမီးများဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်၁၀ နာရီက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ဆိုက်လောင်ထောင်ကျေးရွာ၌ ကျင်းပသည်။