ကရင်ပြည်နယ်

ဘားအံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဆင်း

ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့ ကက်သလစ်ဓမ္မာရုံတွင် မိဘများပွဲနေ့အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့၌ ကက်သလစ်အသင်းတော်၏ မိဘများပွဲနေ့သည် ပွဲတော်တစ်ခုသာမဟုတ်ဘဲ မိသားစုမေတ္တာကို ပိုမိုခိုင်မာစေရန်၊ မိဘတို့၏ စွန့်လွှတ်အနစ်နာခံမှုကို အသိအမှတ်ပြုရန်နှင့် မိဘများ၏ကြီးမားလှသည့် အဖိုးမဖြတ်နိုင်သော ကျေးဇူးကို သိရှိနားလည်ရန် “သင်၏အသက်တာရှည်မည့်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့” ဆောင်ပုဒ်ဖြင့် မိဘများပွဲနေ့အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် (၁၀) နာရီက အမှတ် (၃) ရပ်ကွက်ရှိ ကက်သလစ်ဓမ္မာရုံတွင် ကျင်းပသည်။

ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့် ကမမောင်းမြို့၊ ကိုးနဝင်းဘုရားကျောင်း၌ ကျင်းပပြုလုပ်အပ်သော သုံးထပ်သာသနာ့ဗိမာန်တော် ကျောင်းလွတ်ပူဇာ ရေစက်ချအနုမောဒနာတရားနာယူခြင်း မင်္ဂလာအခမ်းအနားသို့ တတ်ရောက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အောင်သိဒ္ဓိကုန်း၊ ကိုးနဝင်းဘုရားကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် သုံးထပ်သာသနာ့ဗိမာန်တော် ကျောင်းလွှတ်ပူဇာ ရေစက်ချအနုမောဒနာ တရားနာယူခြင်း မင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၂) ရက် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်) တနင်္ဂနွေနေ့တွင် အဆိုပါ ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

မြို့အင်္ဂါရပ်နှင့်အညီ Green City ၊ Clean City ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျော်စွာဆောင်ရွက်ကြရာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံစက်မှုဇုန်၌ မိုးရာသီ(တတိယအကြိမ်)သစ်ပင်စိုက်၊ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုး စိုက်ထည့်

ကရင်ပြည်နယ်အတွင်း သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံး ပရဝုဏ်၌ မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ကျင်းပသည်။

ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား၊ကျောင်းသူ များကိုနိုင်ငံသားစိစစ်ရေးကတ်နှင့် U ID ကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား ၊ကျောင်းသူများကို "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထီးပေါ့ကလိုးရွာ အထက(ခွဲ)ကျောင်းကို မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများကနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ကို ဇူလိုင် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂) ရက်တာသင်တန်းကို ဘားအံမြိုနယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာသင်ခန်းစာများကို ပို့ချပေးခဲ့ပြီး ယမန်နေ့ည ၄ နာရီက ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်သိန်းလွင်က အမှာစကား ပြောကြားခဲ့သည်။

လိပ်သိုမြို့တွင် ဂေါ်ရခါးပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်ရှိ ဒေသခံပြည်အချို့မှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့နယ်ရုံးတွင် ဒေသနေပြည်သူများ စာပေဗဟုသုတတိုးပွားစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သည့်ပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်