Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြသလွန်စေတီတော်ကြီး သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Feb 17,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြသလွန်စေတီတော်ကြီး၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့် အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Feb 17,2024
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ
Feb 17,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်နှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၈)နာရီက ကုလာဘီးကျေးရွာရှိ နေကြာစိုက်တောင်သူများထံ ကွင်းဆင်းတွေ့ဆုံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် အာဟာရချို့တဲ့မှုနှင့်ပတ်သက်၍ ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာ ကုထုံးများ သင်ကြားပို့ချပေး
Feb 17,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသအတွင်း အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား အာဟာရချို့တဲ့မှုနှင့်ပတ်သက်၍ ဘက်စုံကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာ ကုထုံးများ သင်ကြားပို့ချခြင်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Feb 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသည့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ
Feb 17,2024
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေလယ်( ၁:၀၀)နာရီက ကျင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9750
Page
9751
Page
9752
Page
9753
Current page
9754
Page
9755
Page
9756
Page
9757
Page
9758
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department