လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသအတွင်း အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား အာဟာရချို့တဲ့မှုနှင့်ပတ်သက်၍ ဘက်စုံကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာ ကုထုံးများ သင်ကြားပို့ချခြင်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ဦးဆောင်ကာ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်မျိုးမမစိုး၊ ကျန်းမာရေးကြီးကြပ်(၂) ဒေါ်သင်းသဇင်တို့က လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာ ကုထုံးသင်တန်းလက်စွဲစာအုပ်နှင့်အညီ အာဟာရချို့တဲ့မှု အမျိုးအစားများ၊ အာဟာရချို့တဲ့ခြင်း အခြေခံသဘောတရားများ၊ အလေးထားဆောင်ရွက်ရမည့် အကြောင်းရင်း၊ လူနာရှာဖွေလှည့်လည်ဖော်ထုတ်ခြင်း၊ ရောဂါပြင်ထန်းမှု အဆင့်သတ်မှတ်ခြင်း၊ အာဟာရချို့တဲ့ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ရောဂါပြဿနာများ စသည့်ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာများမှ ကျန်းမာရေးဝန်ထမ်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)