မကွေး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မကွေးခရိုင် ဥပဒေအရာရှိ ဦးဆွေလွင်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)