စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသည့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

စမ်းချောင်း ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း‌ဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယ‌မန်နေ့နေလယ်( ၁:၀၀)နာရီက ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စမ်းချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာလာသည့် အခြေခံပညာကျောင်းသား /ကျောင်းသူ(၁၈)ဦးအား ပညာသင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြသည်။

ပညာသင်ထောက်ပံ့ငွေ‌များကို ကျောင်းသားတစ်ဦးလျှင် (၅၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း (၉၉၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)