ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောသရုပ်ပြပွဲတွင် ကြည့်မြင်တိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုလတ်က အသိပညာပေးဟောပြောခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် သရုပ်ပြဆောင်ရွက်ခြင်းများ၊ မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ၊ ရှာဖွေကယ်ဆယ်ရေးပြုလုပ်ပုံများကို လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဟောပြောသရုပ်ပြပွဲသို့ အနောက်ပိုင်းဆေးရုံအုပ်ကြီး ဒေါ်ခင်နန်းလုံနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)