Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်တွင်၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးလျာထား (၁၃၀၀)ဧကမှ နွေစပါးစတင်ထွန်ယက်စိုက်ပျိုး
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေးသီးနှံဆန်ပါးစိုက်ပျိုးရန် လျာထား(၁၃၀၀)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ဒေသခံတောင်သူ များအနေဖြင့် လျာထားဧက ပြည့်မီကျော်လွန်နိုင်ရန် စိုက်ပျိုးနေပြီဖြစ်ကြောင်း ရမှတ်ကျေးရွာ တောင်သူ ဦးဆန်းမင်းထံမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Mar 03,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ လိုက်ခါးကျေးရွာ အစည်းအဝေးခန်းမဆောင်တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 03,2024
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွက် စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ တောင်သူ ဦးညွှန့်ဝင်း စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်နေ
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ(၁၆)ရက်နေ့က စတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံ လျာထားချက် ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို မြေဆီမြေဩဇာ ထည့်သွင်းခြင်းနှင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Mar 03,2024
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ (E)၊ ၅၈×၅၉ လမ်းကြားရှိ ဆူးဖြူသာသနာ့ရိပ်သာ ကျောင်းတိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ် ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆောင်ရွက်
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မြို့မရဲစခန်းမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9502
Page
9503
Page
9504
Page
9505
Current page
9506
Page
9507
Page
9508
Page
9509
Page
9510
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department