Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငဖဲမြို့နယ် ဝင်္ဂဘာကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေး
Mar 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မင်းလွင် ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပ
Mar 03,2024
၂၀၂၄ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာရေးဆရာကြည်ရွှန်းရေးသားသည့် အချိန်စီမံခန့်ခွဲမှုပညာစာအုပ်ဖြင့် မတ်လ(၁)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ဟင်းသီး၊ ဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Mar 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်က လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့်တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲ အခမ်းအနား ကျင်းပ
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ နိကာယ်တန်း၊ ပထမပြန်တန်းနှင့် အဘိဓမ္မာ,ဝိသုဒ္ဓိမဂ်ယဉ်ကျေးမှု စာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီ အချိန်က မှော်ဘီမြို့ ဓမ္မာရုံကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအနေဖြင့် စားသုံးဆီများသက်သာသောဈေးနှုန်းဖြင့် ကွင်းဆင်းရောင်းချပေး
Mar 03,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများထံ စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မတ်လ(၁)ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ပြီး ကွင်းဆင်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း (နွေစပါးသီးနှံ) စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ
Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၁ လမ်းထောင့်ရှိ တိုင်းစိုက်ပျိုးရေး ဦးစီးမှူးရုံးခန်းမတွင် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထေ…
Mar 03,2024
ဒေသကွဲကပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဧည့်ခန်းမနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတို့၌ မတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင်းရှိ မြို့ပေါ်ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9499
Page
9500
Page
9501
Page
9502
Current page
9503
Page
9504
Page
9505
Page
9506
Page
9507
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department