အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ “ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ” အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက် နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့မအားကစားကွင်း ရှိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
Mar 03,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီ၊ ဝေဇယန္တာတန်ဆောင်းကြီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများ၊ ချီးမြှင့်ခြင်းနှင့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ကျမ်းပြီး၊ ကျမ်းစွဲခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုချီးမြှင့်ခြင်းနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းဆင့်သင် (လုပ်ငန်းခွင်၀င်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (တိုင်းဒေသကြီးအဆင့်)  နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန့်‌နေ့ နံနက် (၉) နာရီက စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
Mar 03,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ အထူးပြု ဘာသာရပ်များအလိုက် နေ့သင်တန်းနှင့်အဝေးသင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်ပေါင်း ခြောက်သောင်းခုနစ်ထောင်ကျော်တို့အား ပညာသင်ကြားမွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး  အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက် အအုံ မှတ်တမ်းတင်ခြင်း လုပ်ငန်းကို စမ်းချောင်းမြို့နယ် ဝေဠု၀န် (မြောက်) ရပ်ကွက်၌ ယမန်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mar 03,2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံ စီတန်းလှည့်လည်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဒေသခံပြည်သူများ ဆောင်ရွက်ခဲ့ကြသည်။