အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးဆိုင်များအား မှတ်ပုံတင်ထားရှိမှု ရှိ/မရှိ နှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ လိုက်လန်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Sep 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်အဆင့်သား အိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)တွင် စိုက်ပျိုးထားသည့် မျိုးစေ့ထုတ် မှော်ဘီ-၂ စပါးခင်းများတွင် ဖြုတ်ပိုးကျရောက်မှုကို ယမန်နေ့ည ၇ နာရီက (IPM နည်းပညာ) ဘက်စုံသီးနှံဖျက်ပိုး ကာကွယ်ရေးနည်းပညာဖြင့် မီးရောင်ထောင်ချောက်အသုံးပြု၍ ကာကွယ်နှိမ်နင်းသည့်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
Sep 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံဆောင်ရွက်ပေးကြကြောင်း သိရသည်။
Sep 13,2023
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ယမန်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဒုဦးမှူး ဦးသိန်းကိုကိုအပါအဝင် (၅)ဦး၊ အမှတ်(၃)နယ်‌မြေရဲစခန်းမှ ဒုရဲအုပ် ဝေယံလင်း(၁+၁)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု (၁)မှ တပ်ကြပ်ကြီး ဦးအောင်ထွေးဦး၊ ထပရ ၉၃၅ မှ ဒုအရာခံ ဗိုလ်မျိုးနောင်အပါ (၄)ဦး၊ အမှတ်(၇)မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦတင်ရွှေမောင် ပူးပေါင်းအဖွဲ့တို့သည် အောင်ဇဗ္ဗူရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ဇီဇဝါပန်းအဝိုင်းအနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များစစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၁၄၅ စီးခန့်၊ ဆိုင်ကယ် ၁၂၈ စီး၊ အိုးဝေ ၁၅ စီးခန့် လူဦးရေ ၅၆၆ ဦးခန့်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝှီးတက် သက်တမ်းလွန် (၁)မှုတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။