Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 12,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား မြို့နယ်အဆင့်ကျောင်းအခြေပြုသား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ လူနာစောင့်များ နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများထောက်ပံ့
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ် ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတော ကျေးရွာရှိ မြစ်ကမ်းပြိုကျနေမှု အခြေအနေများကို စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနနှင့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တာကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်နေမှု အခြေအနေများ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ (Mini) ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက လင်းခေးမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ဈေးဆိုင်များမှ ဈေးသည်များဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Sep 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာဈေးများရုံး၊ ခရိုင်မှူး ဦးဇင်မင်းညွန့်သည် ဈေးဆိုင်များမှ ဈေးသည်များဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အမှတ် (၈) ရပ်ကွက်ရှိ အမှတ် (၂) ဈေး၊ ဈေးရုံအပေါ်ထပ်တွင် ယနေ့ နံနက်ပိုင်း (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိ့နှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ကွင်းဆင်းစစ်ဆေး
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌနှင့်ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ ကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့နယ် အ.ထ.က(မိုင်းဆတ်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.ထ.က(မိုင်းဆတ်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9503
Page
9504
Page
9505
Page
9506
Current page
9507
Page
9508
Page
9509
Page
9510
Page
9511
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department