Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းလှမြို့နယ်တွင် လယ်ယာမြေလုပ်ငန်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်တွင် လယ်ယာမြေလုပ်ငန်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စက်မှုလယ်ယာစနစ်ကျလယ်မြ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည…
Mar 03,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစန်းအောင်က တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စနစ်ကျလယ်ယာမြေ မဖော်ထုတ်မီ၊ ဖော်ထုတ်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များ ဝယ်လိုအား မြင့်တက်မှုကြောင့် လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေ
Mar 03,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များကို နိုဝင်ဘာလမှ မေလအထိ လုပ်ကိုင်ဆောင်ရွက်ကြပြီး ပွင့်လင်းရာသီချိန် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်များပြားလာခြင်းကြောင့် လက်ရိုက်အုတ်များ ဝယ်လိုအား မြင့်တက်လာကာ လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာတွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စုတွင် အသက် (၁၆) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဘုရားတန်ဆောင်းတွင် ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား…
Mar 03,2024
၂၀၂၄ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ဝယ်ယူ/ကြိတ်ခွဲ/တင်ပို့သူ အစုအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွားများတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9496
Page
9497
Page
9498
Page
9499
Current page
9500
Page
9501
Page
9502
Page
9503
Page
9504
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department