အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
Sep 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးသီးမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Sep 17,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။
Sep 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ၂ဝ၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Sep 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာလ (၁၅) ရက်နေ့နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
Sep 17,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျောက်ဖြူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အအေးပေးပစ္စည်းဆိုင်ရှင်များနှင့် Service လုပ်ငန်းရှင်များ တက်ရောက်ကြသည်။