ကျိုင်းတောင်း မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကျိုင်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျိုင်းတောင်းနယ်မြေရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထုများ သိရှိစေရန်အတွက် လူစည်းကားရာနေရာများသို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများနှင့် သက်ဆိုင်ရာအချက်အလက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အစရှိသည့် အချက်များစွာ ပါဝင်ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)