စမ်းချောင်းမြို့နယ်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စမ်းချောင်း မတ် ၈

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပမည့် အမှတ် (၂) အ‌ခြေခံ ပညာအထက်တန်းကျောင်းတွင် ‌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များ၊ မြိုနယ်ပညာရေးမှူး၊ မြိုနယ်မီးသတ်၊ မြိုနယ်လျှပ်စစ်နှင့် မြိုနယ်စည်ပင်တို့မှ တာ၀န်ရှိသူများသည် တက္ကသိုလ်၀င်စာ‌မေးပွဲ စာစစ်ဌာနဖြစ်သည့် စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးသတ်ဆေးဘူးများ အဆင်သင့်ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးကြိုးများ၊ ကောင်းမွန်မှုရှိ/ မရှိနှင့် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုမျာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)