ရန်ကုန် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေရန် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်များအား ပုံမှန်ဈေးအတိုင်း ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ဆဉ်လိုင်းများသည်နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီတွင် ကုမ္ပဏီ ၂၀ ခု၊ ယဉ်လိုင်း ၃၁ လိုင်းမှ ယာဉ်စီးရေ ၃၈၀၀ ခန့်ကို ပုံမှန်ထွက်ရှိပြေးဆွဲသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့တွင် YBS ကုမ္ပဏီ ၁၆ ခု၊YB5 ယာဉ်လိုင်း ၆၁ လိုင်းမှ ယဉ်အစီးရေ ၁၃၀၈ စီးဖြင့် လည်းကောင်း၊ သင်္ကြန်အကျနေ့မှ အကြတ်နေ့နှင့် အတက်နေ့တို့တွင် YBS ကုမ္ပဏီ ၁၆ ခု၊ YBS ယာဉ်လိုင်း ၅၇ လိုင်းမှယာဉ် ၉၃၈ စီး ပြေးဆွဲပေးမည်ဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၇ ရက်နေ့တွင် YBS ကုမ္ပဏီ ၂၀ ခုမှ YBS ယာဉ်လိုင်းများ အားလုံး ပြန်လည်ပြေးဆွဲကြမည်ဖြစ်ပြီး ယင်းနေ့တွင် Thet Yin Aung ကုမ္ပဏီစီမံမှုအောက်ရှိ YBS ၆၃ ယာဉ်လိုင်းမှ ယာဉ် ၁၀ စီးသည်အခမဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ကျွန်တောင်တို့ မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်တွေ စီစဉ်ဆောင်ရွက်ထားပါတယ်။ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ ယာဉ်အစီးရေ ၁၃၀၈ စီး၊ ၁၄၊ ၁၅၊ ၁၆ ရက်ထိ ယဉ်အစီးရေ ၉၃၈ စီး၊ ကို ၁၆ ရက်နေ့ထိ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ YBS ယာဉ်တွေအားလုံး ပြန်လည်ပြေးဆွဲပေးမှာပါ။ သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေ ယာဉ်အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက် ယဉ်မောင်းတွေအနေနဲ့ မူးယစ်သောက်စားပြီးတော့ မမောင်းဖို့၊ ယာဉ်စီးခကိုပုံမှန်အတိုင်းပဲကောက်ဖို့ YBS ယဉ်ကုမ္ပဏီများကိုလည်း ကျွန်ဆောင်တို့ညွှန်ကြားသားပြီး ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သင်္ကြန်ကာလအတွင်း၌ ယာဉ်စီးခပိုမိုတောင်းခံခြင်းမပြုရန် သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း ယာဉ်စီးခပိုတောင်းမှုများ ရှိကြောင်းနှင့် တိုင်ကြားမှုများလည်း ရှိကြောင်း၊ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလအတွင်း၌ ယာဉ်စီးခပိုမိုတောင်းခံခြင်းကြောင့်တိုင်ကြားမှု ၁၄ မှုရှိခဲ့ပြီးတိုင်ကြားသည့် အမှုများအပေါ်စိစစ်ကာ ဂိတ်တစ်လပိတ်သည်အထိ ယဉ်များကို အရေးယူခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)