ကျိုက်လတ် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစားလျက်ရှိခြင်းနှင့် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က နှစ်သစ်ကူး ဆုမွန်ကောင်း စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယိမ်းအလှပျိုဖြူများ နှင့်အတူ မြနန္ဒာသီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့အပြင် ရေကစားမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများကိုလည်း စတုဒီသာများနှင့် ဧည့်ခံ ကျွေးမွေးလျက်ရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်