မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုက်ပုရေတံခွန်တွင် သင်္ကြန်ကာလအတွင်း လာရောက်အပန်းဖြေသူများဖြင့်စည်ကား

မိုင်းရယ် ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုက်ပုကျေးရွာတွင် တည်ရှိသည့် ဟိုက်ပုရေတံခွန်တွင် သင်္ကြန်ကာလ အကြိုနေ့မှစ၍ အတက်နေ့အထိ လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ရေတံခွန်သို့ လာရောက်အပန်းဖြေသူများတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မိုင်းရယ်မြို့နယ်အတွင်းရှိ ပြည်သူများ အများဆုံး လာရောက် လည်ပတ်အပန်းလာဖြေကြကြောင်း သိရသည်။

ဟိုက်ပုရေတံခွန်သည် မိုင်းရယ်မြို့နှင့် ၃၃ မိုင်းခန့်အကွာတွင် တည်ရှိပြီး ရေတံခွန်အထပ်ထပ်ဖြင့် အလွန်လှပသော နေရာလည်းဖြစ်သဖြင့် ခရီးသွားပြည်သူများ လွန်စွာစိတ်ဝင်စားလျက်ရှိသော ရေတံခွန်လည်းဖြစ်သည်။

မိုင်းရယ်(ပြန်/ဆက်)