သာယာဝတီမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

သာယာဝတီ  ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရန်ကုန်-ပြည်ကားလမ်း လွတ်လပ်ရေးကျောက်တိုင်ကွင်း ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်ဝင်းက မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် သင်္ကြန်ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ‌သော ယိမ်းအဖွဲ့များအား တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြရာ အဆိုပါယိမ်းအဖွဲ့များမှ “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

သာယာဝတီမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦး‌ဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများအတူ ပူးပေါင်းပြီး သင်္ကြန်အတက်နေ့ထိ အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြာင်း သိရသည်။

ခရိုင်(ပြန်/ဆက်)