ကသာ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဧပြီ ၂၇ ရက်နေ့မှစတင်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အုပ်စုပတ်လည်အားကစားပြိုင်ပွဲတွင် Pori Fied အားကစားအသင်းနှင့် Co2 အားကစားအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြရာ Pori Fied အားကစားအသင်းက (လေးဂိုး၊ နှစ်ဂိုး)ဖြင် အနိုင်ရရှိကာ ပထမဒိုင်းဆုကြီးကို ရရှိခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းထက်ထံမှ သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းက (ပထမ)ရရှိသော Pori Fied ဖူဆယ် ဘောလုံးအသင်းအား ဒိုင်းဆုဖလားကိုလည်းကောင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် နေရာအလိုက် အားကစားအကောင်းဆုံး ဆုရရှိကြသော အားကစားသမားများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)