ညောင်ဦးမြို့နယ် ရှေးဟောင်းရေကန်များသို့ ရေစီးဝင်ရာ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး မေ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရှေးဟောင်းရေကန်များသို့ ရေစီးဝင်ရာ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဟောင်းရေကန်များသို့ ရေစီးဝင်ရာ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေးက ရေလမ်းကြောင်းများ ဖော်ထုတ်မည့် လမ်းကြောင်းများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြကာ ရှေးဟောင်းရေကန်များသို့ ရေစီးဝင်ရာလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရေးလုပ်ငန်းများ အထွေထွေဆွေးနွေးကြပြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)