မဟာအောင်မြေ မေ ၉
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက စနစ်တကျမှတ်တမ်းရေးသွင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း