ကလေး မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အမှတ်(၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းလူငယ်များအား တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိကြရာ ကလေးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ကြမည့် စစ်ကိုင်းခရိုင်မှ ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၄၆)ဦးသည် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင်လည်းကောင်း၊ ဟုမ္မလင်းခရိုင်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၁) ဦးသည် မွန်းလွဲ ၃ နာရီ၅ မိနစ်အချိန်တွင်လည်းကောင်း၊ မုံရွာခရိုင်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၄၈)ဦးသည် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် လည်းကောင်း ကလေးလေဆိပ်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။
အဆိုပါသက်ဆိုင်ရာမြို့နယ်များမှ ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း လူငယ်ကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ကလေး မြို့နယ်တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများက အမှတ်(၁၀)တပ်မတော်တန်းမြင့် သင်တန်း ကျောင်းသို့ ဆက်လက်ပို့ဆောင်ကြရာ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်း ခေတ္တကျောင်း အုပ်ကြီး ဗိုလ်မှူးကြီး မင်းမင်းဦး၊ တပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ မိသားစုဝင်များက ပန်းစည်း၊ ပန်းကုံးများဖြင့်ကြိုဆိုခဲ့ကြပြီး ကျွေးမွေးခြင်း၊ အိပ်ဆောင်နေရာချထားခြင်းများကို တာဝန်ရှိသူ များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)