မင်္ဂလာဒုံ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းနှင့်မိသားစုများအား သုတ/ရသ စာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ အခမဲ့ငှားရမ်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို သုတ/ရသစာအုပ်စာပေ အမျိုးအစားစုံလင်စွာဖြင့် နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်မားလာစေရေး နိုင်ငံ့တစ်ဝန်း စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလင်း(ပြန်/ဆက်)