အမြို့မြို့အနယ်နယ်သတင်းများ

May 23,2026
မွန်ပြည်နယ်  ချောင်းဆုံမြို့နယ် ကလော့ကျေးရွာလယ်ယာကုန်ထုတ်လမ်း အတွင်းရှိ တံတား(၃) စင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအားအခြေအနေများအား မေ ၂၂ ရက် နံနက်ပိုင်းက မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမြင့်နိုင်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။
May 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် "မီးခိုးမြူငွေ့အန္တရာယ် လျှော့ချခြင်းနှင့် အပြာရောင်ကောင်းကင်ဆီသို့" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။
May 23,2026
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  (Book Club)၊ (Women Club)၊ (Youth Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက် ၁၁နာရီခန့်ကကျင်းပသည်။ ‌
May 23,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်း လမ်းသွယ် (၃၊ ၈၊ ၉) ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၂ နာရီက လမ်းသွယ်(၈)မုခ်ဦးတွင် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်နှင့် တာဝန်ရှိသူများက တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
May 23,2026
ဒေသတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ခြင်းကို မေ(၂၂) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေး ရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
May 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ‌တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကိုအခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
May 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပွဲ အခမ်းအနားကို မေ ၂၂ ရက် နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပသည်။
May 23,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို အခြေခံပညာအထက်တန်း (ထန်းတပင်) ကျောင်းရှေ့တွင် ယနေ့ နံနက် ၈ နာရီခွဲက စိုက်ထူခဲ့သည်။