ထန်းတပင်(ပဲခူး) မေ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို အခြေခံပညာအထက်တန်း (ထန်းတပင်) ကျောင်းရှေ့တွင် ယနေ့ နံနက် ၈ နာရီခွဲက စိုက်ထူခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးသိန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါနှင့် ဝန်ထမ်းများ ဌာနဆိုင်ရာ အကြီးအကဲများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင်အညီ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)