အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အလုံ မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  (Book Club)၊ (Women Club)၊ (Youth Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက် ၁၁နာရီခန့်ကကျင်းပသည်။ ‌

စာဖတ်ဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးအောင်စိုးက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် အလုံမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာစောရန်နောင်က ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဆွေး‌နွေးခဲ့ပြီး BookClub ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဦးမောင်မောင်၊ ကာတွန်း ဦးတင်မောင်မောင်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်တို့က   ဖြည့်စွတ်ဆွေးနွေးကြသည်။

အဆိုပါ  စာဖတ်ဝိုင်းသို့  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦး‌အောင်စိုး၊ (Book Club)၊  (Women Club)၊ (Youth Club) အဖွဲ့ဝင် စုစုပေါင်း (၂၀) ခန့်တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)