အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုန်း ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းအချိန်က ရှမ်းပွဲရပ်ကွက်ရှိ နေရှင်နယ်ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 16,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
Jul 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားကျောင်းသူများအား စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၁၆ ရက် နံနက် ၁၀နာရီက ပြုလုပ်သည်။
Jul 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများအား ယနေ့ နံနက်ပိုင်းက ဆပ်ကွင်းကျေးရွာအုပ်စု၊ ဆပ်ကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Jul 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့် အထက် ဘိုးဘွားများအားကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Jul 16,2025
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။