မြစ်သားမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မြစ်သား ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုန်း ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းအချိန်က ရှမ်းပွဲရပ်ကွက်ရှိ နေရှင်နယ်ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းကာ‌ သွေးလွန်တုတ်‌‌ကွေး‌ရောဂါကာကွယ် နိုင်ရန်အတွက် သောက်သုံးရေကန်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များစသည့် ခြင်ခိုအောင်းနိုင်သည့်နေရာများတွင် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)