ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  ဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားကျောင်းသူများအား စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၁၆ ရက် နံနက် ၁၀နာရီက ပြုလုပ်သည်။

ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/ စာပေ ချစ်မြတ်နိုးရေးနှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုသိရှိနားလည်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စီစီချိုက စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်း ဖတ်ရှုခြင်းတို့ဖြင့် လေ့ကျင့်ဖတ်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် ကျောင်းသားကျောင်းသူများအနေဖြင့် စာအုပ်စာပေများကိုချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များတိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေးအလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ခမောက်ကြီး(ပြန်/ဆက်)