ထားဝယ် ဇူလိုင် ၁၆
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/ကျောင်းသူများအား အတွေးအခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသောလူငယ်များဖြစ်ပေါ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေများသည် ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဆွေးနွေးဟောပြာခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက ခန်းမအတွင်းခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိနှင့် အဆိုအမိန့်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်မိန့်ခွန်းများ၊ အာဇာနည် (၉) ဦး၏ မှတ်တမ်းဓာတ်ပုံများနှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)