စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၆

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ ပွဲစဉ်အလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အမျိုးသား၊ အမျိုးသမီးပွဲစဉ်များတွင် ပထမ ဆုရရှိကြသော မောင်လွင်ဖြိုးနှင့် မသူသူစံတို့အား ဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်စိုးနှင့်တာဝန်ရှိသူများမှပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်