တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် မဟာအောင်မြေမြို့နယ်ရှိ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ထိခိုက်သည့် အဆောက်အဦ ဖြိုချရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပြိုကျယိုင်နဲ့နေသည့် (၃)ထပ်ခွဲတိုက် အဆောက်အဦအား ဖြိုချရှင်းလင်းနေမှုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ အကွက်(၅၁၃/က)၊ ၄၂လမ်း၊၈၃×၈၄ လမ်းကြားရှိ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပြိုကျယိုင်နဲ့နေသည့် အိမ်ပိုင်ရှင် ဒေါ်အေးဆွေ ပိုင်ဆိုင်သည့် (၃)ထပ်ခွဲတိုက် အဆောက်အဦအား စက်ယန္တရားများဖြင့် ဖြိုချရှင်းလင်းရာနေရာသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဆွေလွင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်၊ တာဝန်ရှိသူများနှင့်အတူကြည့်ရှု စစ်ဆေးခဲ့ပြီး ဖြိုချရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း