အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။ 
Jul 17,2025
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီအချိန်က တွံတေးမြို့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အာဇာနည်နေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို  ယမန်နေ့ နံနက် (၁၀) နာရီက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ မြောက်ရပ် အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာတွင် မြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၄၅)ဦးအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီက ရွှေမုဌောဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။