အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေပူကျေးရွာအုပ်စု၊  ထီးလင်းဝင်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြသည်။
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က (တောရ) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်အသိပညာ ပြန့်ပွားရေး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ်ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းသရုပ်ပြဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း ဒေါက်တာ ဉာဏဝရခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များနှင့် အာဇာနည်နေ့ကို အမှတ်ရသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Jul 17,2025
ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက်လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင်ပြီးစီးခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုအား ရမည်းသင်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဇူလိုင်လ (၁၆)ညနေပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။