အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း(၅၁၃)၌ ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားနိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ရိုက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ဖွင့်လွှစ်ခဲ့ကြောင်း သိရသည်။
Jul 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ညောင်ပင်သာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ "စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ကျင်းပရာအဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ(၃၂၅)ဦးတက်ရောက်သည်။
Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။