ကျွန်းလှ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ မိုးသီးနှံစိုက်ပျိုးရန် လယ်ယာမြေများ ထွန်းယင်ပြုပြင်ခြင်း ဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ကျွန်းလှမြို့နယ်မှာ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ မိုးရာသီမှာ စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်သီးနှံနဲ့ အခြားသီးနှံများစိုက်ပျိုးကြပါတယ်။ အခု အခါ တောင်သူတွေ မိုးသီးနှံစိုက်ပျိုးဖို့ လယ်ယာမြေ ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေကြပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူ ဦးမြင့်ထွန်းက ပြောသည်။
အဆိုပါ မိုးသီးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက် ခြင်းနှင့် စိုက်ပျိုးနည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၅၃ ဧက၊ ဆီထွက်သီးနှံ ၇၃၁၄ ဧက၊ အခြားသီးနှံ ၁၆၉၄၅ ဧက စုစုပေါင်း ၇၅၃၀၉ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ