မဟာအောင်မြေ မေ ၃၀
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အပတ်စဉ်ကြာသပတေးနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးနှောက်တီဘီရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး လတစ်လ၏ ပထမပတ်များတွင်လည်း ရက်ကွက်များသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများကို စနစ်တကျမှတ်တမ်းရေးသွင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း