အင်တော ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ရှိ အခြေခံပညာကျောင်းများတွင် ယနေ့မှစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ကျောင်းတက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အင်တော(အ.ထ.က)တွင် မေ ၂၃ ရက်မှ ဇွန်လ ၂ ရက်ထိ ကျောင်းအပ်နှံလက်ခံခဲ့သည်။အင်တောမြို့အတွင်းရှိ မြို့ပေါ်အခြေခံပညာကျောင်း (၃)ကျောင်း၊ အုံးကွဲ၊ ကျောက်ဂူ၊ နန်းကောင်းမှု၊ နောင်ဝိုးနှင့်နောင်လုံကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)