ရန်ကုန် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များအတွက် သင်တန်းများကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များအတွက် ဘွဲ့ကြိုပထမနှစ်သင်တန်းမှ ဆဌမနှစ်သင်တန်းများနှင့် ဘွဲ့လွန်မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)