Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 06,2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကချင်ပြည်နယ် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) ၏ အမျိုးသားကုတ် အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအ…
Jun 06,2024
မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) ၏ အမျိူးသားကုတ်အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၊ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း ခုနှစ်သောင်းပျိုးထောင်ထား
Jun 06,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် လသာကုန်းပျိုးဥယျာဥ်၊ ဖလုံပျိုးဥယျာဥ်နှင့် ဇီးပင်ဆိပ်ပျိုးဥယျာဥ်တို့တွင် လူထုဖြန့် ပျိုးပင် ခုနှစ်သောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အခြေခံပညာကျောင်းများနှင့်ရပ်ရွာအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ရွာအတွင်းရှိပြည်သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် ရပ်ရွာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ် ငါ့ပြင်းကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင် ရတနာတိုးစပါးနှင့် ဆာဖိုးသာစပါးစိုက်ပျိုးထားရှိမှု စံကွက်ရိတ်သိမ်း
Jun 06,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ငါ့ပြင်းကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ဆိုလာလျှပ်စစ်မြစ်ရေတင် ဆာဖိုးသာစပါးစိုက်ပျိုးရိတ်သိမ်းမှုကို ကြေးတိုင်နှင့် မြေစရင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ
Jun 06,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်၊ ပန်းပင်စိုက်ပျိုးခြင်း အခမ်းအနားကို မန်ဒေါင်ကျေးရွာအုပ်စု၊ ခဝမ်ကျေးရွာ၊ (အမက) မူလွန်ကျောင်းဝင်းတွင် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်သစ်တောဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ
Jun 06,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၇ နာရီက လီဒိုလမ်းမကြီးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်
Jun 06,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5882
Page
5883
Page
5884
Page
5885
Current page
5886
Page
5887
Page
5888
Page
5889
Page
5890
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department